“ရန်ကုန်-မန္တလေး အမြန်လမ်းမှာ EV Charging Station ၂ ခုကို တည်ဆောက်သွားမည်”

10 Mar

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်ရှိ EV Charging Station ၂ ခုကို သုံးလအတွင်း အပြီးတည်ဆောက်သွားမှာ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါ EV Charging Station ၂ ခုမှာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၉) ရှိ ဘောနက်ကြီးယာဉ်ရပ်နားစခန်းနှင့် မိုင်တိုင်အမှတ် (၁၁၅) ရှိ ဖြူးယာဉ်ရပ်နားစခန်းတို့မှာ တိုးချဲ့တည်ဆောက် နေခြင်းဖြစ်ပါတယ်။ ယခုလို တိုးချဲ့တည်ဆောက်ရခြင်းက အမြန်လမ်းအသုံးပြုသွားလာ‌နေကြတဲ့ EV ယာဉ်လိုင်းများ၊ အိမ်စီး EV ကားများခရီးသွားလာရာမှာ အဆင်ပြေစေရန် တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ ရန်ကုန် - မန္တလေး အမြန်လမ်းပေါ်မှာ EV Charging Station ၂၁ ခုမြောက်အထိ ဖွင့်လှစ်ထားပြီး အဆိုပါ Charging Station များမှာ ကားလေး ၁၀ စီးနှင့် ခရီးသည်တင်ယာဉ် ၄ စီး တစ်ပြိုင်နက် အားသွင်းနိုင်ကြောင်း သိရပါတယ်။ အဆိုပါ EV Charging Station များကို ကုမ္ပဏီ ၄ ခုက တာဝန်ယူတည်ဆောက်ပေးနေတာဖြစ်ပါတယ်။ (NVS 004)

10 Mar

ADVERTISE HERE .