“မြန်မာ့ရိုးရာသင်္ကြန်ပွဲတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ထုတ်ဖော်ပြသနိုင်ရေး ဆောင်ရွက်မည်”
10 Mar
၂၀၂၅ ခုနှစ် နေပြည်တော် လမ်းလျှောက်သင်္ကြန်ကို အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးမှာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် က ယူနက်စကိုက အသိအမှတ်ပြုပြီးဖြစ်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် ထပ်မံတင်သွင်းမယ့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ် တင်ပြသွားမယ့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ နေပြည်တော်မှာ လမ်းလျှောက်သင်္ကြန်ကို နှစ်ကြိမ်ကျင်းပခဲ့ပြီးဖြစ်၍ အတွေ့အကြုံရှိကြပြီး ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာအတာသင်္ကြန်သည် လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ဖြစ်ပြီးလို့ ယခင်နှစ် များထက် ပိုမိုအလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒါ့အပြင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ကိုလည်း လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ဖော်ပြနိုင်မည့် သရုပ်ဖော်မှုကို ယခုနှစ်လမ်းလျှောက်သင်္ကြန်တွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မောင်အုန်းကပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်များကိုလည်း ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး ပြည်သူများ၊ ဝန်ထမ်းများအနေနဲ့ မြန်မာ့နှစ်သစ်ကူးကာလတွင် စိတ်ရွှင်လန်းတက်ကြွပျော်ရွှင်စေရေးအတွက် ယခင်နှစ် များနှင့်မတူဘဲ မြန်မာ့သနပ်ခါးကိုပါ တွဲဖက်အထူးပြုကာ ပိုမိုပျော်ရွှင်စရာကောင်းသည့် လမ်းလျှောက်သင်္ကြန် ဖြစ်ရန် ယုံကြည်ကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။ (NVS 004)