ကိုဗာဆစ် ကိုခေါ်ယူရန် အေတီကိုအသင်း ကြိုးပမ်း

08 Mar

အေတီကိုအသင်းက မန်စီးတီးအသင်း ကွင်းလယ်ပိုင်းတွင် ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ ကိုဗာဆစ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ ဖြင့်ခေါ်ယူရန် ကြိုးပမ်းလျက်ရှိကြောင်း သိရပါတယ်။ ကိုဗာဆစ် ဟာ မန်စီးတီးအသင်းသို့ ၂၀၂၃ ခုနှစ် နွေရာသီက ပြောင်းရွှေ့ရောက်ရှိခဲ့ပြီးနောက် ပွဲကစားခွင့်ရရှိခဲ့ သော်လည်း နောက်ပိုင်းတွင် မန်စီးတီးအသင်းသို့ ဂန်ဒိုဂမ် နဲ့ နစ်ကိုးဂွန်ဇာလက်ဇ် တို့ ရောက်ရှိလာခဲ့လို့ ပွဲကစား ခွင့်ရရှိရန် မသေချာတော့လို့ အသင်းပြောင်းရွှေ့ရန် ဆန္ဒရှိနေခြင်းဖြစ်ပါတယ်။ လက်ရှိတွင် အေတီကိုအသင်းနည်းပြ ဆီမြွန်နီ က ကိုဗာဆစ် ရဲ့ကစားပုံကို နှစ်သက်နေကာ ဇန်နဝါရီ အပြောင်းအရွှေ့ကတည်းက ခေါ်ယူရန်ကြိုးပမ်းခဲ့သော်လည်း မန်စီးတီးအသင်းက ငြင်းပယ်ခဲ့ပါတယ်။ သို့သော်လည်း လာမည့်နွေရာသီတွင် မန်စီးတီးအသင်းအနေက ကစားသမားဖြည့်တင်းမှုများ ထပ်မံပြုလုပ်သွားမှာဖြစ်တာကြောင့် ကိုဗာဆစ် ကို မန်စီးတီးအသင်းရဲ့ အရောင်းစာရင်းတွင် ပါဝင်လာနိုင်တာကြောင့် နည်းပြ ဆီမြွန်နီ က ယူရို သန်း ၃၀ ဖြင့် လက်ဦးမှုရယူနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။(NVS 008)

08 Mar

ADVERTISE HERE .