ဂိုးသမား အီဒါဆန် နေရာတွင် ကော်စတာ နှင့်အစားထိုးရန် ပြင်ဆင်နေတဲ့ မန်စီးတီးအသင်း
08 Mar
မန်စီးတီးအသင်းက ယခုနှစ်ဘောလုံးရာသီအကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိနေတဲ့ ဂိုးသမား အီဒါဆန် ရဲ့ နေရာမှာ ပေါ်တိုအသင်းဂိုးသမား ကော်စတာ နဲ့ အစားထိုးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂိုးသမား အီဒါဆန် ဟာ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ဘင်ဖီကာအသင်းမှ မန်စီးတီး အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် မန်စီးတီးအသင်းနဲ့အတူ ချန်ပီယံဆုဖလားများဆွတ်ခူးရာတွင် အဓိက ဂိုးသမားအဖြစ် ကာလရှည်ပါဝင်ခဲ့သူဖြစ်သည်။ သို့သော် အီဒါဆန် အနေနဲ့ ယခုနှစ် ဘောလုံးရာသီတွင် ပွဲကစားခွင့်နည်းပါးနေခဲ့လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလကတည်းက အသင်းမှထွက်ခွာရန်ကြိုးပမ်းခဲ့ပြီး လာမည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် နီးစပ်လျက်ရှိနေတာကြောင့် မန်စီးတီးအသင်းက ဂိုးသမား နေရာတွင် အစားထိုးရန် စတင်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ ဒုတိယဂိုးသမားဖြစ်တဲ့ အိုတီဂါ ကလည်း လက်စွမ်းပြသနိုင်ခြင်းမရှိဘဲ အမှားအယွင်းများ လုပ်ဆောင်နေခဲ့လို့ နည်းပြ ဂွါဒီယိုလာ က ပထမဂိုးသမားနေရာတွင် အသုံးမပြုလိုဘဲ လာမည့် နွေရာသီ အပြောင်း အရွှေ့ကာလတွင် ဂိုးသမားနေရာအတွက် ပေါ်တိုအသင်းက ကော်စတာ ကို ပစ်မှတ်ထားနေခြင်း ဖြစ်ပါတယ်။(NVS 008)