လစ်လပ်နေတဲ့ အားကစားဒါရိုက်တာနေရာကို ယခုလအတွင်း အစားထိုးသွားဖွယ်ရှိတဲ့ အာဆင်နယ်အသင်း

08 Mar

အာဆင်နယ်အသင်းက လစ်လပ်လျက်ရှိတဲ့ အားကစားဒါရိုက်တာရာထူးကို ယခုလအတွင်း ခန့်အပ်ရန် ရည်ရွယ်ထားကြောင်း သိရပါတယ်။ အာဆင်နယ်အသင်းက အသင်းရဲ့ ကစားသမားဟောင်းဖြစ်တဲ့ အီဒူး နဲ့လမ်းခွဲခဲ့ပြီးနောက် အားကစားဒါရိုက်တာရာထူး လစ်လပ်နေခြင်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးအသစ် မခေါ်ယူနိုင် ခဲ့ခြင်းမှာ အားကစားဒါရိုက်တာမရှိခြင်းကြောင့် ဖြစ်ဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ထွက်ပေါ်ခဲ့ပါတယ်။ ယခုအခါ အာဆင်နယ်အသင်းက အီဒူး ရဲ့နေရာကိုအစားထိုးရန် အားကစားဒါရိုက်တာအသစ်ကို ယခုလအတွင်း ခန့်အပ်သွားရန် ရည်ရွယ်ထားပြီး လက်ရှိအချိန်မှာ လျာထားစာရင်းတွင်ထည့်သွင်းကာ ဆွေးနွေးညှိနှိုင်းနေသူ ငါးဦးရှိကြောင်း သိရ ပါတယ်။ အဆိုပါပုဂ္ဂိုလ်များမှာ ဆိုစီဒက်အသင်းမှ ရောဘတ်တို အိုလာဘီ၊ အက်သလက်တီကိုအသင်းမှ အန်ဒရီယာ ဘာတာ၊ မိုနာကိုအသင်းမှ သီယာဂိုစကူရို၊ မန်ယူအသင်း၏ အားကစားဒါရိုက်တာဟောင်း ဒန်အက်ရှ်ဝါ့သ် နဲ့ လက်ရှိအချိန်၌ အာဆင်နယ်အသင်းတွင် အီဒူး ရဲ့တာဝန်များကို ဆောင်ရွက်နေသော ဂျေဆန်အေတို တို့ဖြစ်ကြောင်း သိရသည်။ (NVS 008)

08 Mar

ADVERTISE HERE .