ဘန်လေအသင်းဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် အား ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ မန်ယူအသင်း
08 Mar
မန်ယူအသင်းက ဘန်လေအသင်းဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် အား ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် ဟာ ဘန်လေအသင်းနဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၆၁ ပွဲကစားပြီး အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့တာကြောင့် မန်ယူအသင်းက ခေါ်ယူရန် စိတ်ဝင်စားလာခဲ့ခြင်းဖြစ်ပါတယ်။ ဘန်လေအသင်းက ဂျိမ်းစ်ထရက်ဖို့ဒ် အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချသွားဖွယ် ရှိကြောင်း သိရပါတယ်။(NVS 008)
08 Mar