ဦးဆောင်ဂိုးရရှိချိန် အောင်ပွဲခံရာမှ ခြေသလုံးကြွက်သားဒဏ်ရာ ရရှိခဲ့တဲ့ ဂိုးသမား နူအာ

07 Mar

ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့် ဘိုင်ယန်မြူးနစ်အသင်းနဲ့ လေဗာကူဆင်အသင်း တို့ ကစားခဲ့တဲ့ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယဦးဆောင်ဂိုးရရှိချိန်၌ အောင်ပွဲခံခဲ့ရာမှ ဂိုးသမား နူအာ အနေနဲ့ ခြေသလုံးကြွက်သား ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်တွင် အသက် ၃၉ နှစ်ရှိ ဂိုးသမားနူအာ ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၅၅၄ ပွဲမြောက် ပါဝင်ကစားခဲ့ရာ ဒုတိယပိုင်းပွဲကစားချိန် ၅၄ မိနစ်အရောက်တွင် မူဆီအာလာ က အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးခဲ့သဖြင့် အောင်ပွဲခံမှုပြုလုပ်ခဲ့ရာ ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် ပွဲချိန် ၅၈ မိနစ်တွင် အသင်းဖော်ဂိုးသမား အာဘစ် နဲ့ လူစားလဲထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိတွင် ဒဏ်ရာအခြေအနေကို လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ရက်သတ္တပတ် အနည်းငယ် အနားယူရမှာဖြစ်လို့ လာမည့် ရက်သတ္တပတ်တွင် ကစားရမည့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရန် သေချာလျက်ရှိနေပါတယ်။(NVS 008)

07 Mar

ADVERTISE HERE .