လက်ရှိဘောလုံးရာသီအကုန်တွင် လီဗာပူးလ်အသင်းမှ ထွက်ခွာသွားဖွယ် ရှိနေတဲ့ အယ်လီယော့စ်
07 Mar
လီဗာပူးအသင်းကွင်းလယ်ကစားသမား အယ်လီယော့စ် အနေနဲ့ လက်ရှိဘောလုံးရာသီအကုန်တွင် လီဗာပူးလ် အသင်းမှ ထွက်ခွာသွားဖွယ်ရှိနေကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကွင်းလယ်ကစားသမား အယ်လီယော့စ် ကို လက်ရှိအချိန်တွင် ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားလျက်ရှိနေတာလည်း ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား အယ်လီယော့စ် ဟာ လီဗာပူးလ်အသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ လက်ရှိဘောလုံး ရာသီ အထိပြိုင်ပွဲစုံ ၁၃၆ ပွဲကစားပြီး ၁၃ ဂိုး သွင်းယူထားခဲ့သော်လည်း လက်ရှိအချိန်မှာ အသင်းတာဝန်ရှိသူများနှင့် အဆင်မပြေဖြစ်နေတာကြောင့် အသင်းမှ ထွက်ခွာလိုခြင်းဖြစ်ကြောင်း သိရပါတယ်။ လီဗာပူးအသင်းကလည်း အယ်လီယော့စ် အတွက် သင့်တင့်တဲ့ပြောင်းရွှေ့ကြေးရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)
07 Mar