ဂိုးသမား အီဒါဆန် အားခေါ်ယူရန် ဆော်ဒီကလပ်အသင်းများ အပြိုင်စိတ်ဝင်စားနေ
07 Mar
ဆော်ဒီကလပ်အသင်းများဖြစ်သည့် အယ်လ်နာဆာ၊ အယ်အစ်တီဟတ်နဲ့ အယ်လ်ဟီလယ်အသင်း တို့က မန်စီးတီးအသင်းဂိုးသမား အီဒါဆန် အားခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိကြောင်း သိရပါတယ်။ အသက် ၃၁ နှစ်အရွယ် ဂိုးသမား အီဒါဆန် ဟာ မန်စီးတီးအသင်းနဲ့အတူ ၂ဝ၁၇-၂ဝ၁၈ မှ လက်ရှိဘောလုံးရာသီ အထိ ပြိုင်ပွဲစုံပွဲပေါင်း ၃၆ဝ ကစားပြီး အကောင်းဆုံးလက်စွမ်းပြနိုင်ခဲ့ခြင်းကြောင့် ဆော်ဒီကလပ်အသင်းများက ခေါ်ယူရန်စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း အီဒါဆန် အတွက် မြင့်မားတဲ့ပြောင်းရွှေ့ကြေးတစ်ရပ် ရရှိပါက မည်သည့် အသင်းကိုမဆို ရောင်းချသွားဖွယ်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ဆော်ဒီကလပ်အသင်းများဖြစ်တဲ့ အယ်လ်နာဆာ၊ အယ်အစ်တီဟတ်နဲ့ အယ်လ်ဟီလယ်အသင်းတို့က လာမည့်နွေရာသီဈေးကွက်အတွင်း မည်သည့်အသင်းက အီဒါဆန် အားရရှိအောင် ခေါ်ယူနိုင်မလဲဆို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (NVS 008)
07 Mar