“ကင်မစ်ချ် ကို ခေါ်ယူရန် PSG အသင်း ကမ်းလှမ်း”
07 Mar
PSG အသင်းသည် ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား ကင်မစ်ချ် ကို လာမည့်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူရန်ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ် က ယခုရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်း နှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အသင်းနှင့်စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးမှုမှာလည်း အဆင်မပြေဖြစ်နေကြောင်း သိရပါတယ်။ ဒါကြောင့် အသက် ၃၀ နှစ်အရွယ် ကင်မစ်ချ် ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူရန် ဥရောပထိပ်တန်းအသင်း များစွာက စိတ်ဝင်စားနေကြပြီး ယခုအခါ PSG အသင်းက လက်ဦးမှုရယူကာ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပါတယ်။ Sky Sports ၏ဖော်ပြချက်အရ PSG အသင်းသည် လာမည့်နွေမှာ ကင်မစ်ချ်အား ခေါ်ယူရန်အတွက် ၃ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ (NVS 008)
07 Mar