“၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း ၆၄ အသင်းအထိ တိုးမြှင့်ရန် ဖီဖာ စဉ်းစားနေ”

07 Mar

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်းအရေအတွက်ကို ၆၄ သင်း အထိ တိုးမြှင့်ရန် စဉ်းစားနေကြောင်း သိရပါတယ်။ ဖီဖာသည် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄၈ သင်းပါဝင်တဲ့ပြိုင်ပွဲအဖြစ် တိုးမြှင့်ထားပြီးဖြစ်သော်လည်း ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရေအတွက် ထပ်မံတိုးမြှင့်ရန် စဉ်းစားနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၉၃၀ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နှစ်(၁၀၀) ပြည့်ဖြစ်သောကြောင့် ၆၄ သင်း အထိ တိုးမြှင့်ရန် စဉ်းစားနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို မော်ရိုကို၊ ပေါ်တူဂီ နှင့် စပိန်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ပြီး လက်ရှိအချိန်တွင်မူ ၄၈ သင်း ပါဝင်သည့်ပြိုင်ပွဲအဖြစ် ကျင်းပသွားရန်သာ စီစဉ်ထားပါတယ်။ သို့သော် ဖီဖာသည် နှစ်(၁၀၀)ပြည့် ပြိုင်ပွဲကို ထူးထူးခြားခြားကျင်းပသွားရန် ဆန္ဒရှိနေတဲ့အတွက် အပြောင်းအလဲများ ဖြစ်ပေါ် လာဖွယ်ရှိကြောင်း သိရပါတယ်။ ဖီဖာက ယင်းပြိုင်ပွဲ၌ အာဂျင်တီးနား၊ ပါရာဂွေးနှင့် ဥရုဂွေးတို့ကိုလည်း အိမ်ရှင်အဖြစ် တစ်ပွဲစီ ကျင်းပခွင့်ပြုထားပါတယ်။ ဖီဖာ က ကမ္ဘာ့ဖလားပြိုင်ပွဲကို အသင်းအရေအတွက် တိုးမြှင့်မှုအကြိမ်ကြိမ် ပြုလုပ် ခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ၃၂ သင်းပါဝင်တဲ့ ပြိုင်ပွဲအဖြစ် ကျင်းပခဲ့ပါတယ်။ (NVS 008)

07 Mar

ADVERTISE HERE .