“ဂိုးသမား ရောဘတ် ရဲ့ ပွဲပယ်ပြစ်ဒဏ် တိုးမြှင့်ဖွယ်ရှိနေ”
07 Mar
ပဲလေ့စ်တိုက်စစ်မှူး မာတီတာ ကို ၂၅ ချက် ချုပ်စေခဲ့ရတဲ့အထိ ပြင်းထန်စွာဖျက်ထုတ်ခဲ့တဲ့ မီလ်ဝေါအသင်းရဲ့ ဂိုးသမား ရောဘတ် ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပိုမိုတိုးမြှင့်ဖွယ်ရှိတယ်လို့ FA က ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ် ပွဲအစပိုင်းမှာပဲ မာတီတာ ဟာ ရော်ဘတ် ရဲ့ ဖျက်ထုတ် တာကို ခံခဲ့ရပြီး ကွင်းအတွင်း ဆေးကုသမှုတွေ ခံယူခဲ့ရတာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက အဆိုပါဖျက်ထုတ်မှုကြောင့် ရောဘတ် ကို အဝါကတ်သာ ပြသခဲ့ပေမယ့် VAR ကို ပြန်လည်ကြည့်ရှုပြီးနောက် အနီကတ် ထပ်မံပြသခဲ့တာ ဖြစ်ပါတယ်။ ပဲလေ့စ်အသင်း ဥက္ကဋ္ဌ ပါရစ်ရှ် က အခုဖျက်ထုတ်မှုက သူ့ဘဝတစ်လျှောက် မြင်ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဖျက်ထုတ်မှုတစ်ခု ဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ရောဘတ် ရဲ့ ဖျက်ထုတ်မှု အပေါ် စံပြပြစ်ဒဏ်အဖြစ် သတ်မှတ်ကာ ချမှတ်သွားဖို့ ရှိနေပြီး ရောဘတ်အနေနဲ့ မတ်လ ၆ ရက် နောက်ဆုံးထားပြီး အကြောင်းပြန်ရမှာဖြစ်တယ်လို့ အက်ဖ်အေရဲ့ ထုတ်ပြန်ခဲ့ပါတယ်။ (NVS 008)