“အသင်း ၁၁ သင်း နဲ့ MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲကျင်းပမည်”
07 Mar
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမယ့် ၂၀၂၅ မြန်မာနေရှင်နယ် လိဂ်-၂ ပြိုင်ပွဲသို့ တန်းတက်ယှဉ်ပြိုင်ခွင့်ပြုမယ့် ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲကို အသင်းပေါင်း ၁၁ သင်းနဲ့ မတ်လ ၁၄ ရက်မှ ၂၉ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပွဲစဥ်များအတွက် ပွဲစဥ်မဲနှိုက်ရေးဆွဲခြင်းနှင့် သတင်းစာရှင်းလင်းပွဲကို မတ်လ ၆ ရက်မွန်းလွဲပိုင်းက သုဝဏ္ဏဘောလုံးကွင်း ပထမထပ်ရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြုလုပ်ခဲ့ပါတယ်။ ဒုတိယအကြိမ်မြောက် MNL 2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲရဲ့ မဲခွဲရာမှာ အုပ်စု(က)တွင် Young Boy၊ Zan United၊ Enjoy Brother FC၊ Happy Friendship FC၊ W United FC နှင့် Asia Lions FC အသင်း၊ အုပ်စု(ခ)တွင် TKG Hmawbi FC၊ အင်းစိန်စီးတီးအက်ဖ်စီ၊ YRFA FC၊ 10/Mon FC နှင့် မြဧရာအသင်းတို့ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)