“လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့် စစ်မက်ပြုရန်အသင့်ရှိဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးပြော”
07 Mar
အမေရိကန်ပြည်ထောင်စုအနေဖြင့် လိုအပ်မည်ဆိုပါက တရုတ်နိုင်ငံနှင့်စစ်မက်ပြုရန် အသင့်ရှိကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ဝိဟတ်ဆက် က ပြောကြားခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံက အမေရိကန် နှင့် မည်သည့်စစ်ပွဲမျိုးကိုမဆို ဆင်နွှဲရန်အသင့်ရှိသည် ဟု အမေရိကန်ရှိတရုတ်သံရုံးက ပြောကြားခဲ့ပြီးနောက် ပိဟတ် ဆက် က Fox သတင်းဌာနနှင့် မတ်လ ၅ ရက် အစောပိုင်းက လုပ်ဆောင်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် အယူအဆအမျိုးမျိုးခံယူထားသည့် ဩဇာအာဏာရှိ နိုင်ငံ ကြီးများ တည်ရှိသော အန္တရာယ်ကြီးမားသည့် ကမ္ဘာကြီးပေါ်တွင် တည်ရှိလျက်ရှိကြောင်း၊ အဆိုပါ နိုင်ငံကြီးများ သည် အမေရိကန်၏နေရာတွင် အစားထိုးဝင်ရောက်နိုင်ရေးအတွက် ကာကွယ်ရေးအသုံးစရိတ်များ တိုးမြှင့်သုံးစွဲ၍ နည်းပညာများကိုလည်း အဆင့်မြှင့်တင်လျက်ရှိကြောင်း ပိဟတ်ဆက်က ဆက်လက်ပြောကြားသည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် တရုတ်နိုင်ငံ သို့မဟုတ် အခြားနိုင်ငံတို့နှင့် ဖြစ်ပွားမည့်စစ်ပွဲကို တားဆီး နိုင်ရေးအတွက် အင်အားတောင့်တင်းရန်လိုအပ်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကို မျှော်လင့်တောင့်တသည့် နိုင်ငံများက လည်း စစ်ပွဲအတွက်အသင့် ပြင်ဆင်ရမည်ဖြစ်သည်ဟု ၎င်းက တွေ့ဆုံမေးမြန်းခန်းတွင် ဆက်လက် ပြောကြားခဲ့ ကြောင်း သိရသည်။ အမေရိကန်ပြည်ထောင်စုရှိ တရုတ်သံရုံး၏ အဆိုပါပြောကြားချက်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်ကုန်ပစ္စည်းများအပေါ် အခွန်နှစ်ဆတိုးမြှင့်ကောက်ခံမှုကြောင့် တရုတ်နှင့် အမေရိကန်တို့ ကြား ကုန်သွယ်ရေးတင်းမာမှုများ ဖြစ်ပွားနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။