“အင်တာမီလန်နောက်ခံလူ ဒီမာကို သုံးပတ်ခန့် နားရဖွယ်ရှိ”

06 Mar

ကြွက်သားဒဏ်ရာရခဲ့တဲ့ အင်တာမီလန်နောက်ခံလူ ဒီမာကို ဟာ ရက်သတ္တပတ် ၃ ပတ်လောက် အနားယူရမှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။ နောက်ခံလူ ဒီမာကို ဟာ နာပိုလီအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲမှာ ကြွက်သားဒဏ်ရာကို ရရှိခဲ့တာဖြစ်ပြီး ပွဲအပြီး ဆေးစစ်ချက်အရ ကြွက်သားဒဏ်ရာက သိပ်မပြင်းထန်ဘူးလို့ အင်တာမီလန်အသင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အသက် ၂၇ နှစ်အရွယ် ဒီမာကို ဟာ ဖီယင်နုအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက် ၂ ကျော့စလုံးကို လွဲချော်ရမှာဖြစ်သလို မတ်လ ၁၆ ရက်မှာ ကစားရမယ့် အတ္တလန္တာအသင်းနဲ့ စီးရီးအေချန်ပီယံဆု အတွက် အရေးပါတဲ့ပွဲကိုလည်း လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီမာကို အနေနဲ့ မတ်လ ၂၁ ရက်မှာ ဂျာမနီ အသင်းနဲ့ ကစားရမယ့် နေးရှင်းလိဂ်ကွာတားဖိုင်နယ်ပွဲအမီ ပြန်ပါနိုင်ဖို့ကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။ (NVS 008)

06 Mar

ADVERTISE HERE .