“ဒုတိယအကျော့ပွဲစဉ်မှာ ပိုမိုခက်ခဲနိုင်တယ်လို့ဆိုတဲ့ အန်ဆယ်လော့တီ”

06 Mar

ရီးရဲလ်အသင်းနည်းပြ အန်ဆယ်လော့တီ က အက်သလက်တီကိုအသင်းနှင့် ကစားရမည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ယခုပွဲထက် ပိုခက်ခဲမည်ဖြစ်ကြောင်း အသင်းကစားသမားများကို သတိပေးပြောကြားခဲ့ပါတယ်။ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်အသင်းက အက်သလက်တီကိုအသင်း ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါကြောင့် ရီးရဲလ်အသင်းဟာ ဒုတိယအကျော့ပွဲစဉ်အဖြစ် မတ်လ ၁၂ ရက်မှာ အက်သလက်တီကိုအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပထမအကျော့ပွဲစဉ်ရီးရဲလ်အသင်းမှ ဗင်နီစီးယက်စ်၊ အမ်ဘာပေတို့ အပိုင်အခွင့်အရေးများ လွဲချော်ခဲ့တာကြောင့် ဂိုးမပြတ်ခဲ့ခြင်းဖြစ်ပါတယ်။ ရီးရဲလ် အသင်းက အက်သလက်တီကို အသင်းနှင့် ဥရောပကလပ်ပြိုင်ပွဲတွေ့ဆုံမှု ၁၅ ပွဲမှာ သုံးပွဲသာ အရေးနိမ့်ထားခဲ့ပါတယ်။ (NVS 008)

06 Mar

ADVERTISE HERE .