“မိန်နူး ကို စာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးနေတဲ့မန်ယူ”

06 Mar

မန်ယူအသင်းက အသင်းရဲ့လူငယ်ကွင်းလယ်ကစားသမား မိန်နူး ကို နှစ်ရှည်စာချုပ်ချုပ်ဆိုရန် စတင်ဆွေးနွေး နေပြီဖြစ်တယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်အရွယ် မိန်နူး က မန်ယူအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၂၇ ခုနှစ် အထိ စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ မိန်နူး က ပြီးခဲ့တဲ့ဇန်နဝါရီက အသင်းပြောင်းရွှေ့မည်ဟု သတင်းထွက်ပေါ်ခဲ့ သော်လည်း ယခုအခါ မန်ယူအသင်းက ၎င်းကို နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေးနေပြီ ဖြစ်ပါတယ်။ လက်ရှိ မန်ယူအသင်းမှာ မိန်နူး က တစ်ပတ်လစာ ပေါင် ၂၀,၀၀၀ ရရှိနေတာဖြစ်ပြီး စာချုပ်သစ်အတွက် တစ်ပတ်လစာ ပေါင် ၁၈၀,၀၀၀ တောင်းဆိုထားကြောင်း သိရပါတယ်။ လက်ရှိမှာ ခြေသလုံးကြွက်သားဒဏ်ရာ ကြောင့် တစ်လခန့် အနားယူနေရပါတယ်။ မိန်နူး အနေနဲ့ မန်ယူအသင်းအတွက် ပွဲ ပြိုင်ပွဲစုံပွဲပေါင်း ၆၀ ကစားကာ ခြောက်ဂိုး သွင်းယူထားပါတယ်။ (NVS 008)

06 Mar

ADVERTISE HERE .