“ရာသီကုန်အထိ အနားယူရတော့မယ် အာဗင်း”

06 Mar

NBA ကလပ် ဒဲလက်စ်မားဗရစ်အသင်းရဲ့ အားထားရတဲ့ ကစားသမားဖြစ်သူ ကိုင်ရီ အာဗင်း ဟာ ဘယ်ဘက် ဒူးအရွတ် ဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် အာဗင်းဟာ တနင်္လာနေ့က ကစားခဲ့တဲ့ ဆာကရာမန်တိုအသင်းနဲ့ပွဲ ပထမပိုင်းမှာ ထိခိုက်မှုကြောင့် ဒူးအရွတ်ဒဏ်ရာကို ရခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာရခဲ့ပြီးနောက် ကိုင်ရီအာဗင်း ဟာ လမ်းမလျှောက် နိုင်တော့လို့ အသင်းဖော်တွေရဲ့ အကူအညီနဲ့ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။ NBA အောလ်စတားအသင်းမှာ ၉ ကြိမ်အထိ ပါဝင်ခွင့် ရခဲ့တဲ့ အာဗင်းဟာ အခုရာသီမှာ ဒဲလက်စ်မားဗရစ် အသင်း အတွက် ပွဲ ၅၀ ပါဝင်ကစားပေးထားပြီး တစ်ပွဲကို ပျမ်းမျှရမှတ် ၂၄ ဒသမ ၇ မှတ် ရယူပေးထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အဓိကကစားသမား ဒွန်ဆစ် ကို ပြိုင်ဘက် အယ်လ်အေလိတ်ကာအသင်းဆီကို ရောင်းချထားတဲ့ ဒဲလက်စ်မားဗရစ်အသင်းအတွက်ကတော့ အာဗင်းကို ထပ်မံ ဆုံးရှုံးရမှာဖြစ်လို့ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ (NVS 008)

06 Mar

ADVERTISE HERE .