“ရီးရဲလ်အသင်းနှင့် စာချုပ်သက်တမ်းတိုးလိုတယ်လို့ဆိုတဲ့ ဗင်နီစီးယပ်စ်”

05 Mar

ဆော်ဒီလိဂ်မှ တန်ဖိုးကြီးမားတဲ့ လစာနှုန်းထားနဲ့ ဗင်နီစီးယပ်စ် ကို ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်း များထွက်ပေါ်လာခဲ့တာကြောင့် ဗင်နီစီးယပ်စ် က ရီးရဲလ်အသင်းနှင့်သာ စာချုပ်သက်တမ်း တိုးလိုတယ်လို့ တုံ့ပြန် ပြောကြားခဲ့ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဗင်နီစီးယပ်စ် က လက်ရှိအချိန်မှာ ရီးရဲလ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသော်လည်း စပိန်ပရိသတ်များနှင့် ဆက်ဆံရေးမပြေလည်တာကြောင့် ရီးရဲလ်အသင်းနှင့် လမ်းခွဲဖွယ် ရှိကြောင်း ထင်ကြေးပေးမှုများထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဗင်နီစီးယပ်စ် နဲ့ ရီးရဲလ်အသင်းတို့ဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး လက်ရှိအချိန်၌ သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ရီးရဲလ်အသင်းကလည်း လိုလားနေတယ်လို့ သိရပါတယ်။ (NVS 008)

05 Mar

ADVERTISE HERE .