“PSV အသင်းကို ၇ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်အသင်း”

05 Mar

ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းအဆင့်ရှုံးထွက်ပွဲစဉ်မှာ အာဆင်နယ်အသင်းက PSV အသင်းကို ၇ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းက ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၆ သင်းအဆင့် ရှုံးထွက် ပွဲစဉ်ရဲ့ အဝေးကွင်းပွဲစဉ်မှာ ၇ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် အာဆင်နယ် အသင်းခေါင်းဆောင် အော်ဒီဂွါ က ပရိုကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲများမှာ ပထမဆုံးအဖြစ် တစ်ပွဲတည်း ၂ ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဆယ်ကျော်သက် ကြယ်ပွင့်ကစားသမား နဝမ်နာရီ ကလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ရန် သေချာသလောက်ရှိသွားပြီဖြစ်ပါတယ်။ (NVS 008)

05 Mar

ADVERTISE HERE .