“ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အာဂျင်တီးနားအသင်းလူစာရင်းထုတ်ပြန်”
05 Mar
အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီ က လာမည့်ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အသင်းခေါင်းဆောင် မက်ဆီ အပါအဝင် ၃၃ ဦးပါလူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါအာဂျင်တီးနားအသင်းမှာ မန်စီးတီးကစားသမားသစ် အယ်ချယ်ဗယ်ရီ ကို ပထမဆုံးအကြိမ် ရွေးချယ် ခဲ့ပြီး ဒီဘားလား ကိုလည်း ပြန်လည်ခေါ်ယူခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက ခြေစစ်ပွဲအဖြစ် မတ်လ ၂၁ ရက် မှာ ဥရုဂွေးနှင့်အဝေးကွင်း၊ မတ်လ ၂၅ ရက်မှာ ဘရာဇီးလ်အသင်းနှင့်အိမ်ကွင်း ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)
05 Mar