“(၂၆၁၃) နှစ်မြောက် ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲ အခမ်းအနားကျင်းပ”
05 Mar
(၂၆၁၃) နှစ်မြောက် ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ဖွင့်ပွဲနှင့် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည် ပူဇော်ပွဲအခမ်းအနားကို မတ်လ ၄ ရက်၊ နံနက် ၈ နာရီအချိန်က ရွှေတိဂုံစေတီရင်ပြင်တော် ရာဟုထောင့်၊ ချမ်းသာ ကြီးတန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရွှေတိဂုံစေတီတော် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကြီးကို မတ်လ ၄ ရက်မှ ၁၃ ရက် (တပေါင်းလပြည့်နေ့)အထိ (၁၀)ရက်တိုင်တိုင် ကျင်းပသွားမှာဖြစ်ပြီး သံဃာအပါး ၁၂၀ တို့က ၂၁၆ နာရီတိုင်တိုင် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မတ်လ ၁၂ ရက် (အဖိတ်နေ့) တွင် ရင်ပြင်တော်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနား ကို ကျင်းပပြီး မတ်လ ၁၃ ရက် (တပေါင်းလပြည့်နေ့) တွင် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်အောင်ပွဲနှင့် ရေစက်ချ အနု မောဒနာ အခမ်းအနားများကို ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 004)
05 Mar