“တညင်းကုန်းလက်ကားဈေးကြီးမှာ တန် ၂၅၀ ဆံ့ အအေးခန်းနဲ့ ဝန်ဆောင်မှုပေးနေ”

05 Mar

အပူချိန်ကြောင့် သစ်သီးများဆုံးရှုံးမှုမဖြစ်ပေါ်‌စေရေး တညင်းကုန်းလက်ကားဈေးကြီးမှာ တန် ၂၅၀ ဆံ့ အအေးခန်းနဲ့ ဝန်ဆောင်မှုပေးနေကြောင်း သိရပါတယ်။ လက်ရှိ တညင်းကုန်းလက်ကားဈေးကြီးမှာ သစ်သီးဈေးရုံ၊ တောင်သူလက်လီရောင်း ဟင်းသီးဟင်းရွက် ဈေးရုံ၊ မီးဖို‌ချောင်သုံးကုန်မျိုးစုံ၊ ကုန်ခြောက်ဈေးရုံ၊ ရာသီပေါ်သီးနှံနှင့် သား၊ ငါး ဈေးရုံ၊ ကြက်သွန်၊ အာလူး စတဲ့ ဈေးရုံ ကြီး ၅ ရုံနဲ့ လက်လီ/လက်ကား ရောင်းချလျက်ရှိရာ သစ်သီးရောင်းချ သူများ ကုန်ကျစရိတ် သက်သာပြီး လတ်လတ်ဆတ်ဆတ်ရှိစေရန် ဈေးရုံကြီးအမှတ် (၁) မှာ တန် ၂၅၀ ဆံ့ အအေးခန်း ထားရှိပါတယ်။ သစ်သီး တစ်ကီလိုဂရမ်ကို တစ်ရက်ထားရှိခ ၃ ကျပ်နှုန်းနဲ့ကောက်ခံ၍ ဝန်ဆောင်မှုပေးလျက် ရှိကြောင်း သိရပါတယ်။ ဝယ်သူများအနေနဲ့လည်း အလိုရှိသလောက် လတ်လတ်ဆတ်ဆတ်ဖြင့် အအေးခန်းကနေအလွယ်တကူ ဝယ်ယူနိုင်သလို၊ ရောင်းသူများအနေနဲ့လည်း ရောင်းချလို့မကုန်တဲ့ကုန်ပစ္စည်းများကို မပုပ်မသိုးဘဲ အရည်အသွေး ထိန်းထားနိုင်မှာဖြစ်ကြောင်း၊ အအေးခန်းတွင် ၂၄ နာရီမီးပေးထားပြီး လက်ရှိမှာလည်း ပန်းသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ စပျစ် စတဲ့အသီးများကို အများဆုံးထားရှိကြောင်းလည်း သိရပါတယ်။ တညင်းကုန်းလက်ကား ဈေးကြီးမှာ အဆိုပါအအေးခန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး ပေ ၄၀ အကျယ် ပတ်လည်ရှိ အအေးခန်း ၂ ခန်း ရှိကြောင်းလည်း သိရပါတယ်။ (NVS 004)

05 Mar

ADVERTISE HERE .