“၂၀၂၅-၂၀၂၆ ခုနှစ်အတွက် အသားထုတ်လုပ်ခွင့်လိုင်စင်များလျှောက်ထားနိုင်”

04 Mar

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် ထုတ်လုပ်ရေးဌာနက သတ်မှတ်ထားတဲ့ အသားထုတ်လုပ်ရုံနှင့် မြို့နယ်များတွင် အသားထုတ်လုပ်ခွင့်လိုင်စင်များကို မတ်လ ၃ ရက်မှစတင်၍ လျှောက်ထားခွင့်ပြုနေပြီဖြစ်ကြောင်း သိရပါတယ်။ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုမည့်လိုင်စင်များမှာ ရွာသာကြီးအသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊ နွား၊ သိုး-ဆိတ်၊ ဝက်)၊ ရွာမ(ဝက်)၊ လှိုင်သာယာမွေးမြူရေးဇုန် အသားထုတ်လုပ်ခွင့်လိုင်စင်(ကျွဲ၊ နွား၊ သိုး-ဆိတ်)၊ ရွှေပြည်သာ(ကျွဲ၊ နွား၊ သိုး-ဆိတ်)၊ မြို့နယ်တွင်းအသားထုတ်လုပ်ခွင့်လိုင်စင် ဒလမြို့နယ်(ကျွဲ၊ နွား၊ ဝက်)နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ် (ကျွဲ၊ နွား) လိုင်စင်တို့ဖြစ်ပါတယ်။ အသားထုတ်လုပ်ခွင့်လိုင်စင်လျှောက်လွှာများကို မတ်လ ၃ ရက်မှစတင်လက်ခံနေပြီး Online Website (www.ycdc.gov.mm)၌ လိုင်စင်စီ၏ ကိုယ်ရေးအချက်အလက်များနှင့် လုပ်ငန်းအချက်အလက်များဖြည့်သွင်းကာ မတ်လ ၁၄ ရက်နောက်ဆုံးထား၍ အသားထုတ်လုပ်ခွင့် လိုင်စင်လျှောက်ထားနိုင်ပါတယ်။ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဒုတိယဌာနမှူး(ညွှန်ကြားရေးမှူး) ဖုန်း ၀၉-၅၁၂၅၃၀၃ နှင့် လက်ထောက်ညွှန်ကြားရေးမှူးဖုန်း ၀၉-၂၅၀၁၇၉၉၄၁ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ဌာနမှူး(ဒုတိယညွှန်ကြား ရေးမှူးချုပ်) တိရစ္ဆာန်ဆေးကုနှင့်ထုတ်လုပ်ရေးဌာနမှ သိရပါတယ်။ (NVS-004)

04 Mar

ADVERTISE HERE .