“စွယ်တော်မြတ်စေတီတော်(မန္တလေး) ထီးတော်၊ ငှက်မြတ်နားတော်တို့အား ရွှေစစ်သင်္ကန်းကပ်လှူခြင်းနှင့် ကွမ်းတောင် တော်လုံးတော်ပြည့်စေတီ ပြင်ဆင်ခြင်းများအတွက် တင်ဒါခေါ်ယူ”

04 Mar

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စု ရှားတောလေးကျေးရွာ အနီးရှိ မဟာဓမ္မရံသီကုန်းတော်မြတ်၌ တည်ထားပူဇော်ထားရှိတဲ့ ရတနာပုဏ္ဏဝရဒါဌာ ဓာတုစေတီယ စွယ်တော်မြတ် စေတီတော်(မန္တလေး)၏ ရွှေတိဂုံပုံတူစေတီတော်၊ ထီးတော်၊ ငှက်မြတ်နားတော်တို့အား ရွှေစစ်သင်္ကန်းတော် ကပ်လှူခြင်း နှင့် ထိုနည်းတူ အာနာန္ဒာပုံတူ ကွမ်းတောင်တော်၊ စေတီတော်လုံးတော်ပြည့်၊ မကာရန်း(၁၈)ကောင်၊ ခြင်္သေ့(၁၈)ကောင်၊ ဝိသူကမ္မ နတ်ကွန်း ၉ ခုတို့အား ရွှေဆေး၊ ဆီဆေး၊ ရေဆေး၊ (နံ့သာရောင်၊ အဖြူရောင်)သုတ်ခြင်းစတဲ့ လုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်တာကြောင့် လုပ်ငန်းဆောင်ရွက်လိုသူ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တိုင်း လုပ်ငန်းဆောင်ရွက် ခွင့်တင်ဒါများတင်သွင်းနိုင်ရန် ခေါ်ယူထားကြောင်း သိရပါတယ်။ တင်ဒါများတင်သွင်းလိုသူများအနေနဲ့ စွယ်တော်မြတ်စေတီတော်(မန္တလေး) ဂေါပကအဖွဲ့ရုံး၊ နတ်ရေကန်အုပ်စု၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၌ မတ်လ ၄ ရက်မှ ၁၇ ရက် ညနေ ၃ နာရီအတွင်း တင်သွင်းမည့်အဆိုပြုလွှာတွင် ပါဝင်ရမည့် အသေးစိတ်အချက်အလက်များကို ဂေါပကအဖွဲ့ရုံးတွင်ရယူကာ ပြည့်စုံစွာရေးသားဖြည့်သွင်း၍ တင်သွင်းရမှာ ဖြစ်ပါတယ်။ အသေးစိတ်များသိရှိလိုပါက ဂေါပကအဖွဲ့စွယ်တော်မြတ်စေတီတော်(မန္တလေး) ဖုန်း ၀၉-၂၅၆၈၂၇၂၂၃(ဥက္ကဋ္ဌ)၊ ၀၉-၂၀၆၂၂၉၄(အတွင်းရေးမှူး)၊ ၀၉-၅၁၄၇၂၁၂(ဘဏ္ဍာရေးမှူး)၊ ၀၉-၇၅၇၇၆၈၄၄၃(ရုံးအဖွဲ့မှူး) သို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း သိရပါတယ်။ (NVS-004)

04 Mar

ADVERTISE HERE .