“ဂေါ်ဒွန့် ရဲ့အနီကတ်ပြစ်ဒဏ်ကို အယူခံဝင်ရန် စဉ်းစားနေတဲ့ နယူးကာဆယ်အသင်း”

04 Mar

နယူးကာဆယ်အသင်းဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ တောင်ပံကစားသမား ဂေါ်ဒွန် ရဲ့ အနီကတ်ကို အယူခံဝင်ဖို့ စဉ်းစားနေပါတယ်။ ဘရိုက်တန်နောက်ခံလူ ဗန်ဟက်ကီရဲ့ခေါင်းကို နောက်ကနေ လက်နဲ့တွန်းခဲ့တာကြောင့် ဂေါ်ဒွန်ကို ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ အနီကတ်ပြစ်ဒဏ်ကြောင့် ဂေါ်ဒွန်ဟာ နယူးကာဆယ်အသင်းရဲ့ လာမယ့်ပွဲစဉ် ၃ ပွဲကို လွဲချော်ရမှာဖြစ်ပြီး လီဗာပူးအသင်းနဲ့ ကစားရမယ့် လိဂ်ဖလား ဗိုလ်လုပွဲလည်း ပါဝင်နေတာ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲကို နောက်ဆုံးတက်ရောက်နိုင်ခဲ့တဲ့ ၂၀၂၃ တုန်းကလည်း အဓိကဂိုးသမား နစ်ပုပ်ကို ပွဲပယ် ပြစ်ဒဏ်ကြောင့် လက်လွှတ်ခဲ့ရပြီး ဗိုလ်လုပွဲမှာ မန်ယူအသင်းကို ရှုံးနိမ့်ကာ ချန်ပီယံဆုဖလားနဲ့ ဝေးထားခဲ့ရဖူး ပါတယ်။ ဒါ့ကြောင့် အခုတစ်ကြိမ်မှာ ပွဲပယ်ပြစ်ဒဏ်ကြောင့် အဓိကတောင်ပံကစားသမား ဂေါ်ဒွန် ကို လက်လွှတ်ရမှာ ကို စိုးရိမ်နေတာ ဖြစ်ပါတယ်။ ဂေါ်ဒွန် ရဲ့ဖြစ်ရပ်ကို သေချာလေ့လာကြည့်ရှုနေပြီး အယူခံဝင်သင့်တယ်ထင်ရင် ချက်ခြင်းကြိုးစားသွားမှာ ဖြစ်ပါတယ်လို့ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက ပြောကြားထားပါတယ်။ ဂေါ်ဒွန် ဟာ အခုရာသီမှာ နယူးကာဆယ်အတွက် ၃၄ ပွဲမှာ ၉ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးပေးထားသူဖြစ်ပါတယ်။ (NVS 008)

04 Mar

ADVERTISE HERE .