“ဥရောပပွဲ ၅၀၀ ပြည့်မြောက်တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်မယ့် ရီးရဲလ်အသင်း”

04 Mar

ရီးရဲလ်အသင်းက အက်သလက်တီကိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဥရောပပွဲ ၅၀၀ ပြည့်မြောက်တဲ့ ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ဥရောပဘောလုံးလောကရဲ့ ဘုရင်အဖြစ် တင်စားခံထားရတဲ့အသင်းဖြစ်ပြီး ဥရောပ၏ အဆင့်အမြင့်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆုဖလားအများဆုံး ရယူထားနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆု ပထမဆုံးရယူနိုင်တဲ့အသင်း၊ ရာသီဆက်အများဆုံး ရယူနိုင်တဲ့အသင်းအဖြစ်လည်း ရပ်တည်နေပါတယ်။ ရီးရဲလ်အသင်းက ဥရောပပြိုင်ပွဲများမှာ ၄၉၉ ပွဲ ယှဉ်ပြိုင်ထားပြီဖြစ်တဲ့အတွက် အက်သလက်တီကိုအသင်းနှင့် ယှဉ်ပြိုင်မည့်ပွဲမှာ ပွဲ ၅၀၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းက ယှဉ်ပြိုင်ခဲ့တဲ့ ဥရောပပွဲစဉ် ၄၉၉ ပွဲမှာ ၃၀၁ ပွဲ အနိုင်ရရှိခဲ့ပြီး ၈၅ ပွဲသရေကျကာ ၁၁၃ ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ရီးရဲလ်အသင်းက ၁၉၅၅ ခုနှစ်မှာ ပထမဆုံးဥရောပပွဲ စတင်ယှဉ်ပြိုင်ခဲ့ပြီး နှစ်ပေါင်း ၇၀ အကြာမှာ ပွဲ ၅၀၀ ပြည့်မြောက်မှာ ဖြစ်ပါတယ်။ (NVS 008)

04 Mar

ADVERTISE HERE .