“Smart Farm Korea 2025 ပြပွဲအတွက် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များအား ဖိတ်ခေါ်ထား”
04 Mar
ကိုရီးယားနိုင်ငံတွင် မေလ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် Smart Farm Korea 2025 ပြပွဲမှာ မြန်မာ လုပ်ငန်းရှင်များကို ဖိတ်ခေါ်ထားကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကနေ သိရပါတယ်။ အဆိုပါ Smart Farm Korea 2025 (SFKOREA 2025 ) ကို ကိုရီးယားသမ္မတနိုင်ငံ၏ Gyeongsangnam-do ပြည်နယ်၊ Changwon မြို့ရှိ Changwon Convention Center (CECO) ၌ ကျင်းပသွားမည်ဖြစ်ပြီး ကိုရီးယား နိုင်ငံထုတ် Smart Farming ဆိုင်ရာ နည်းပညာနှင့်ကုန်စည်များဝယ်ယူလိုတဲ့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များ ပါဝင်တက်ရောက် နိုင်ကြောင်း သိရပါတယ်။ အဆိုပါ ပြပွဲသို့ ကုမ္ပဏီစုစုပေါင်း ၁၂၀ ခန့်မှ ပြခန်း ၄၀၀ ကို လာရောက်ခင်းကျင်းပြသမည်ဖြစ်ပြီး ဧည့်သည် ၂၀,၀၀၀ ခန့် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ပြပွဲတွင် အနာဂတ်လယ်ယာ စိုက်ပျိုးရေး သုံးနည်းပညာများ၊ Smart Factory အတွက် လိုအပ်သော စက်ကိရိယာများ (ဥပမာ-လယ်ယာလုပ်ငန်းသုံး အလိုအလျောက်ရွေ့လျား/ အလုပ်လုပ်နိုင်သော စက်ပစ္စည်းများ၊ လယ်ယာလုပ်ငန်းသုံးစက်ရုပ်များနှင့်ဒရုန်းများ၊ တစ်နှစ်ပတ်လုံးအပင်များ စိုက်ပျိုးနိုင်ရေး ထိန်းချုပ်မှုများ ပြုလုပ်နိုင်တဲ့ အလုံပိတ်အခန်းငယ်များ (Plant Factories)၊ လူငယ်များလယ်ယာ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရေး ဆွေးနွေးအကြံပြုမှုများ၊ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများမှ စားသောက် ကုန်များ၊ မြို့ပြစိုက်ပျိုးမှုစနစ်များ၊ အသိပညာပေးရေးအစီအစဉ်များ(ဥပမာ-တိရစ္ဆာန်နှင့် အပင်ရောဂါ စီမံခန့်ခွဲမှုများ၊ Smart Farm များ လေ့လာခြင်းဆိုင်ရာ အသိပညာနှင့် ICT ဆိုင်ရာ အသိပညာများ) စသည်တို့ကို ခင်းကျင်းပြသ သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါပြပွဲသို့ ပါဝင်တက်ရောက်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈ ၆၂၂၊ E-mail: event.td. [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 004)