“မတ်လအတွင်း ရောင်းချရမည့် ယူရီးယားမြေဩဇာ ရည်ညွှန်းဈေးနှုန်းထုတ်ပြန်”
04 Mar
ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက မတ်လအတွင်း ရောင်းချရမယ့် ယူရီးယားမြေသြဇာ ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်ထားပါတယ်။ မတ်လ ၁ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေးကို သတ်မှတ်ထုတ်ပြန်ရာမှာ တောင်သူများ အဓိက ဝယ်ယူသုံးစွဲလျက်ရှိတဲ့ ယူရီးယားမြေသြဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ်လျှင် ၁၂၄,၀၀၀ ကျပ်၊ Di Ammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။ ဒေသအလိုက် သယ်ယူစရိတ်များအပေါ် မူတည်ပြီးဈေးနှုန်း အနည်းငယ် ပြောင်းလဲနိုင်ကာ ရည်ညွှန်းဈေးနှုန်း များအတိုင်း ရောင်းချခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။ယခု၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်အတွက် ပြည်ပမှ ဓာတ်မြေဩဇာတန်ချိန် ၁ ဒသမ ၆ သန်း တင်သွင်းသွားမည်ဖြစ်ကြောင်းလည်း သိရပါတယ်။ (NVS 004)
04 Mar