“နစကဥက္ကဋ္ဌ မင်းအောင်လှိုင် က ရုရှားနိုင်ငံရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာမှ ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော် များအား ဖူးမြော်ကြည်ညို”

04 Mar

ရုရှားနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မတ်လ ၃ ရက်ညနေပိုင်းက မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓစင်တာရှိ သဒ္ဓမဇောတိကသိမ်တော်မှာ ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တအစ္ဆရိယ အား ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။ အခုလို ဖူးမြှော်ကြည်ညိုပြီးနောက် သာသနာရေးဆိုင်ရာများ၊ သီတင်းသုံးနေထိုင်ရမှုနှင့် သွားလာရေး အခြေအနေများ၊ ထေရဝါဒဗုဒ္ဓစင်တာအတွက်လိုအပ်ချက်များ၊ ရုရှားနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာပြန့်ပွားရေးနှင့် ပတ်သက်၍ သာသနာပြုလုပ်ငန်းများဆောင်ရွက်နေမှုတို့ကို မေးမြန်းလျှောက်ထားပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အဲဒီနောက် နစကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ တရားတော်များနာယူပြီးနောက် ကျောင်းထိုင်ဆရာတော်ကြီးနှင့် သံဃာတော်များအား နဝကမ္မ ဝတ္ထုငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။ (NVS 004)

04 Mar

ADVERTISE HERE .