"မကွေးအိမ်ခြံမြေဈေးကွက် အရောင်းအဝယ်သွက်နေ"
04 Mar
မကွေးမြို့ အိမ်ခြံမြေဈေးကွက်မှာ အိမ်ခြံမြေတွေ အရောင်းအဝယ်သွက်နေတယ်လို့ မကွေးအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။ မကွေးအိမ်ခြံမြေဈေးကွက်မှာ ပုံမှန်အတိုင်း အရောင်းအဝယ် ဖြစ်နေပြီး အခြားတိုင်းဒေသကြီးထက် အရောင်းအဝယ် ပိုသွက်နေတယ်လို့ ဆိုပါတယ်။ နယ်ဒေသတွေကနေ မကွေးမြို့ကို ရွှေ့ပြောင်းလာသူတွေဟာ ဝယ်ယူနေထိုင်တာနဲ့ ငှားရမ်းနေထိုင်တာတွေ ရှိနေပြီး မကွေးမြို့ရဲ့အောင်စေတနာရပ်ကွက်၊ အောင်မေတ္တာရပ်ကွက်တွေက အရောင်းအဝယ် ပိုသွက်နေတယ်လို့ မကွေးတိုင်းဒေသကြီး အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌ ဦးကျော်မျိုးသူက ပြောပါတယ်။ မကွေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ပဲရှိပြီး လက်ရှိ အောင်စေတနာရပ်ကွက်၊ အောင် မေတ္တာရပ်ကွက်၊ မြို့ထဲပိုင်းမိန်းလမ်းမကြီးတွေဖြစ်တဲ့ ပြည်တော်သာလမ်း၊ အထက(၁)လမ်း၊ တောင်တွင်းလမ်း၊ မြို့ပတ်လမ်း၊ ရန်ပါယ်ဈေး၊ကန်သာဈေးအနီး အစရှိတဲ့နေရာတွေမှာတ အရောင်းအဝယ် ပိုများတယ်လို့ သိရပါတယ်။ မကွေးအိမ်ခြံမြေဈေးကွက်မှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ဈေးကျသွားတာ၊ အရှုူံးပေါ်သွား တာမျိုးမရှိဘဲ တစ်နှစ်ထက်တစ်နှစ် အတက်ဘက်ကိုသာ ဦးတည်နေတယ်လို့ မကွေးတိုင်းအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတွေဆီကနေ သိရပါတယ်။ (NVS 004)