“ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ပေးခဲ့သည့် “သူချစ်” မြန်မာရုပ်ရှင်ဇာတ်ကားကို လွှဲပြောင်းပေးအပ်”
04 Mar
တရုတ်နိုင်ငံက မြန်မာ့ရုပ်ရှင်ဇာတ်ကား "သူချစ်" ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ခဲ့ပြီး စနေနေ့က မြန်မာနိုင်ငံသို့ တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ လွှဲပြောင်းပေးအပ်ပွဲနှင့် ပွဲဦးထွက်ပြန်လည်ပြသခြင်း အခမ်းအနားကို ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသံမှူးကြီး ဇန်းဇီဟောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် နှစ်နိုင်ငံ ရုပ်ရှင်နှင့် မီဒီယာလုပ်ငန်းများမှ ကိုယ်စားလှယ်များ အပါအဝင် လူပေါင်း ၁၆၀ ခန့် တက်ရောက်ခဲ့ပါတယ်။ တရုတ်သံရုံးသံမှူးကြီး ဇန်းဇီဟောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံက ရုပ်ရှင်နှင့် ရုပ်မြင်သံကြား အနုပညာကဏ္ဍ တွင်အပြန်အလှန် ဖလှယ်မှု နီးကပ်စွာရှိနေကြောင်း ပြောကြားခဲ့ပါတယ်။ “သူချစ်” ရုပ်ရှင်ကို ၁၉၅၀ ပြည့်လွန်နှစ်များတွင် တရုတ်နိုင်ငံ၌ ပြသခဲ့ပြီး တရုတ်နိုင်ငံ၌ ကျင်းပသည့် အာရှရုပ်ရှင်ရက်သတ္တပတ်တွင် ပါဝင်ခဲ့ပါတယ်။ အဆိုပါရုပ်ရှင်ကို ပြန်လည်ပြသခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်နိုင်ငံအကြား ရေရှည်တည်တံ့သော ခင်မင်ရင်းနှီးမှုကို သက်သေပြ နေသည်ဟုပြောကြားခဲ့သည် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် မီဒီယာကဏ္ဍ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဝန်ကြီးဦးမောင်မောင်အုန်းကလည်း ရုပ်ရှင်ကို ဒစ်ဂျစ်တယ်စနစ်ဖြင့် ပြန်လည်ပြုပြင်ပေးသည့်အတွက် တရုတ်နိုင်ငံကို ကျေးဇူးတင်ကြောင်းပြောကြားပြီး၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် အစဉ်အလာချစ်ကြည် ရင်းနှီးမှုကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 004)