“FA ဖလားကို ဗိုလ်စွဲရန်သေချာသလောက်ရှိနေတဲ့ မန်စီးတီးအသင်း”

03 Mar

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကစားခဲ့တဲ့ FA ဖလား ပဥ္စမအဆင့်ပွဲစဉ်တွေပြီးနောက် ကွာတားဖိုင်နယ်အဆင့်ပွဲစဥ် ကို မဲခွဲခဲ့ရာမှာ ကွာတားဖိုင်နယ်အဆင့် အသင်းတွေရဲ့ပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ပါတယ်။ ပွဲစဉ်ဇယားအရ ပရီးမီးယား လိဂ်ရဲ့ နာမည်ကြီးအသင်းတစ်သင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ FA ဖလား ဗိုလ်စွဲရန် ရေပန်းစားနေပါတယ်။ မန်စီးတီးအသင်း က ဘုန်းမောက်နဲ့ အဝေးကွင်းပွဲကစားရမှာဖြစ်ပြီး ဒီရာသီမှာ ခြေစွမ်းပြနေတဲ့ ဘုန်းမောက်အသင်းက မန်စီးတီးကို အနိုင်ယူနိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်ဇယားအရ ဖူလ်ဟမ်နဲ့ခရစ္စတယ်ပဲလေ့စ်၊ ဘရိုက်တန်အသင်းကတော့ အစ်ဝစ်ချ် အသင်း နဲ့နော်တင်ဟမ်ဖောရက်စ်အသင်းတို့မှအနိုင်ရတဲ့အသင်း၊ ဗီလာအသင်းကတော့ ချန်ပီယံရှစ်ကလပ် ပရက်စတန် အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 008)

03 Mar

ADVERTISE HERE .