“ကင်မစ်ချ် ကို စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်လိုက်ရတဲ့ ဘိုင်ယန်မြူးနစ်ဘုတ်အဖွဲ့”
03 Mar
ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်ကွင်းလယ်ကစားသမား ကင်မစ်ချ် ကို စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက လာမည့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကင်မစ်ချ် ကို သက်တမ်း တိုးရန် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေတဲ့အတွက် ဘုတ်အဖွဲ့အစည်းအဝေးပြုလုပ်ကာ ကင်မစ်ချ် ကို သက်တမ်းမတိုးတော့ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်တော့မည်ဖြစ်တဲ့ ကင်မစ်ချ် ကို မန်စီးတီး၊ လီဗာပူးလ်နှင့် ဘာစီလိုနာအသင်းတို့ အပြိုင်ကမ်းလှမ်းကြဖွယ်ရှိကြောင်း သိရပါတယ်။ ကင်မစ်ချ် ဟာ ဘိုင်ယန်မြူးနစ်အသင်း အတွက် ၁၀ ရာသီအတွင်း ပြိုင်ပွဲစုံ ၄၃၅ ပွဲကစားကာ ၄၃ ဂိုး သွင်းယူထားပါတယ်။ (NVS 008)
03 Mar