“ဆင်နာ ကို လော်ရီးယက်စ်ဆု ဆန်ခါတင်စာရင်းမှ ထုတ်ပယ်”
03 Mar
တစ်နှစ်တာအကောင်းဆုံး အားကစားသမားတွေကို ပေးအပ်လေ့ရှိတဲ့ လော်ရီးယက်စ်ဆု ဆန်ခါတင်စာရင်း ကနေ အီတလီတင်းနစ်သမား ဆင်နာ ကို ထုတ်ပယ်လိုက်တယ်လို့ လော်ရီးယက်စ်အကယ်ဒမီက ဖေဖော်ဝါရီလ ၂၇ ရက်က အတည်ပြုခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကမ္ဘာ့အဆင့်-၁ ကစားသမား ဆင်နာဟာ ပြီးခဲ့တဲ့နှစ်က တားမြစ်ဆေးစစ်ဆေးမှု ၂ ကြိမ် စလုံး ဆေးကျခဲ့ပြီးနောက် ၃ လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။ အခုလအစောပိုင်းမှာတော့ ဆင်နာ ဟာ သူ့ရဲ့ပွဲပယ်ပြစ်ဒဏ်ကို လက်ခံလိုက်ပြီးနောက် ဖေဖော်ဝါရီလ ၉ ရက်ကနေ မေလ ၄ ရက်အထိ ပွဲပယ်ပြစ်ဒဏ်ကျခံ နေရတာ ဖြစ်ပါတယ်။ လော်ရီးယက်စ်အကယ်ဒမီရဲ့ တာဝန်ရှိသူတွေ ဆွေးနွေးကြပြီးနောက် တစ်နှစ်တာအကောင်းဆုံး အမျိုးသား ကစားသမားဆု ဆန်ခါတင်စာရင်းကနေ ဆင်နာကို ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတာကြောင့် လော်ရီးယက်စ် အကယ်ဒမီ ဥက္ကဋ္ဌ ဖစ်ဇ်ပက်ထရစ် က ပြောသွားခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်ကို ဆင်နာ နဲ့ သူ့အဖွဲ့ဆီကို အကြောင်းကြားထားပြီ ဖြစ်တယ်လို့လည်း ဖစ်ဇ်ပက်ထရစ် က ပြောကြားခဲ့ပါတယ်။ (NVS 008)