ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကစားမည့် နယ်သာလန်အသင်းကစားသမားစာရင်းမှ ခံစစ်ကစားသမား ဒီလိုက် နဲ့ တိုက်စစ်မှူး ဇက်ခ်ဇီး တို့နုတ်ထွက်
02 Mar
မန်ယူအသင်းနှင့် နယ်သာလန်အသင်းမှ တိုက်စစ်ကစားသမား ဇက်ခ်ဇီး နှင့် ခံစစ်ကစားသမား ဒီလိုက် တို့က ယခုလတွင် ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကစားမည့် နယ်သာလန်အသင်း ကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။ နယ်သာလန်အသင်းဟာ ယခုလအတွင်း ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ကစားရမည် ဖြစ်ပြီး ဇက်ခ်ဇီး နဲ့ ဒီလိုက် တို့က ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရတဲ့ မန်ယူအသင်းအတွက်သာ ကစားလို တဲ့အတွက် နယ်သာလန်အသင်း ကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ နည်းပြ အာမိုရင် လက်အောက်တွင်လည်း ရလဒ်ကောင်းများရရှိရန် ရုန်းကန်နေရပြီး ဒဏ်ရာရကစားသမား များပြားနေမှုနှင့်အတူ ကစားသမားအခက်အခဲဖြစ်နေသည့်အတွက် ဇက်ခ်ဇီး နှင့် ဒီလိုက် တို့ကလည်း ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ သွားရောက်ကစားခဲ့မည်ဆိုပါက ဒဏ်ရာရရှိခဲ့လျှင် မန်ယူအသင်းနှင့်ပွဲစဉ်များကို လွဲချော်နိုင်သည့် အခြေအနေများကြောင့် နယ်သာလန်အသင်း ကစားသမားစာရင်းမှ နုတ်ထွက်ခဲ့ကြပြီး ကြံ့ခိုင်မှုပြည့်ဝရန်နဲ့ လေ့ကျင့်ချိန်ပိုမိုရရှိရန်တို့အပြင် မန်ယူအသင်းနှင့် လာမည့်ပွဲစဉ်များအတွက် အသင့်ဖြစ်စေရန်အတွက် နယ်သာလန် အသင်းကစားသမားစာရင်းမှ နုတ်ထွက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။(NVS 008)