ဂျူဗင်တပ်အသင်းက တိုက်စစ်မှူး ဗလာဟိုဗစ် ကို ရောင်းချရန်စီစဉ်
02 Mar
ဂျူဗင်တပ်အသင်းက တိုက်စစ်မှူး ဗလာဟိုဗစ် ကို လာမည့်နွေရာသီတွင် ရောင်းချရန် အသင့်ရှိနေကြောင်း သိရပါတယ်။ အသက် ၂၅ နှစ်အရွယ် ဆားဘီးယားတိုက်စစ်မှူး ဗလာဟိုဗစ် အနေနဲ့ ပီအက်စ်ဂျီအသင်းမှ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး မူအာနီ ရောက်ရှိလာပြီးနောက် ပွဲထွက်ခွင့်ရရန် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိစာချုပ်က ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ ဂျူဗင်တပ်အသင်းက ဗလာဟိုဗစ် ကို လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ရောင်းထုတ်ရန် စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဗလာဟိုဗစ် ကိုခေါ်ယူရန် ပရီးမီးယားလိဂ်နဲ့ ဆော်ဒီကလပ်အသင်းများက အပြိုင်စိတ်ဝင်စားကြောင်း သိရပါတယ်။(NVS 008)
02 Mar