ချဲလ်ဆီးအသင်းနည်းပြ မာရက်စကာ ရာထူးမှထုတ်ပယ်ခံရမည်မဟုတ်ကြောင်း အတည်ပြု

02 Mar

ချဲလ်ဆီးအသင်း ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဂိုးလ်စတိန်း က ယခုရာသီတွင် နည်းပြ မာရက်စကာ အနေနဲ့ ရာထူးမှ ထုတ်ပယ်ခံရမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ နည်းပြ မာရက်စကာ ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးအသင်းကို စတင်ကိုင်တွယ်ခဲ့သူဖြစ်ပြီး ရာသီအစပိုင်း၌ ရလဒ်ကောင်းများရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ကြိုးပမ်းနေရတာဖြစ်ပါတယ်။ ဂိုးလ်စတိန်း က နည်းပြ မာရက်စကာ ရဲ့ စွမ်းဆောင်မှုများက ကျေနပ်စရာဖြစ်လို့ ယခုရာသီတွင် ထုတ်ပယ်မခံရရန် ၁၀၀ ရာခိုင်နှုန်း သေချာနေကြောင်းနဲ့ ဒါ့အပြင် နည်းပြ မာရက်စကာ ရဲ့ ချဲလ်ဆီးအသင်းက ယခုရာသီ လက်ကျန်ပွဲစဉ်များတွင် ခြေစွမ်းပြနိုင်ရန် ယုံကြည်ကြောင်း ဂိုးလ်စတိန်း က ပြောကြားခဲ့ပါတယ်။(NVS 008)

02 Mar

ADVERTISE HERE .