မန်စီးတီးအသင်းက နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားအပြောင်းအလဲ များစွာပြုလုပ်ဖွယ်ရှိ

02 Mar

မန်စီးတီးအသင်းက လာမည့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ကစားသမားအပြောင်းအလဲ များစွာပြုလုပ်ဖွယ် ရှိနေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းဟာ ယခုရာသီတွင် ရလဒ်ဆိုးများနှင့် ရင်ဆိုင်ခဲ့ရတဲ့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ငါးဦးအထိ ခေါ်ယူအားဖြည့်ခဲ့တာဖြစ်ပါတယ်။ သို့သော် လက်ရှိအချိန်၌ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရတဲ့အပြင် FA ဖလား ပြိုင်ပွဲတစ်ခုတွင်သာ ဆုဖလား မျှော်လင့်ချက် ကျန်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် လာမည့်နွေရာသီမှာ ပြုပြင်ပြောင်းလဲမှုများ ထပ်မံပြုလုပ်ပြီး အသင်းကို ပြန်လည်တည်ဆောက်ဖွယ်ရှိနေကြောင်း သိရပါတယ်။ မန်စီးတီးအသင်းတာဝန်ရှိသူများက အသင်းအားတောင့်တင်းစေရန် နည်းပြ ဂွါဒီယိုလာ ကို အပြည့်အဝ ထောက်ပံ့ ပေးသွားမှာဖြစ်လို့ လာမည့်နွေရာသီ၌ ကစားသမားသစ် လေးဦးမှ ငါးဦးအထိ ခေါ်ယူအားဖြည့်ဖွယ်ရှိနေပါတယ်။ ဂွါဒီယိုလာ က ဒီဘရိုင်းနား၊ ဘာနာဒိုဆေးလ်ဗား တို့နဲ့ လမ်းခွဲရန်စီစဉ်ထားသလို အခြားသော အသက် ၃၀ အထက် ကစားသမားများကိုလည်း ကမ်းလှမ်းမှုများရှိလာပါက ရောင်းထုတ်သွားရန် ပြင်ဆင်လျက်ရှိပါတယ်။ မန်စီးတီးအသင်း အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့တွင် ပေါင်သန်း ၁၈၀ ဝန်းကျင် အသုံးပြုခဲ့ပြီး နွေရာသီတွင် ၎င်းပမာဏထက် ပိုမိုသုံးစွဲ သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 008)

02 Mar

ADVERTISE HERE .