ဒဏ်ရာမှပြန်လည်သက်သာလာ၍ လေ့ကျင့်ခန်းများပြုလုပ်လျက်ရှိတဲ့ ရိုဒရီ
02 Mar
မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီ အနေနဲ့ ဒူးအရွတ်ဒဏ်ရာမှ ပြန်လည်သက်သာလာခဲ့လို့ အပေါ့စား လေ့ကျင့်ခန်းများ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ကွင်းလယ်ကစားသမား ရိုဒရီ ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလကတည်းက အနားယူနေခဲ့ရပြီး လက်ရှိအချိန်မှ ပြန်လည်သက်သာလာခဲ့တာဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် ကွင်းလယ် ကစားသမား ရိုဒရီ ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှ လက်ရှိဘောလုံးရာသီအထိ မန်စီးတီးအသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၂၆၀ ကစားပြီး ၂၆ ဂိုး သွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။(NVS 008)
02 Mar