“နေမာ ရဲ့ တစ်ကျော့ပြန်ပွဲဦးထွက်မှာ သရေကျခဲ့တဲ့ ဆန်းတို့စ်အသင်း”

07 Feb

နေမာ ရဲ့ တစ်ကျော့ပြန်ပွဲဦးထွက်အဖြစ် ဘိုတာဖိုဂိုအသင်းနှင့် ဆန်းတို့စ်အသင်းတို့ပွဲစဉ်မှာ တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ်ဖြစ်ပေါ်ခဲ့ပါတယ်။ အခုနှစ်ပြောင်းရွှေ့ရာသီမှာ ဆော်ဒီလိဂ်ကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ နေမာ ဟာ ဆန်းတို့စ် အသင်းအတွက် တစ်ကျော့ပြန်ပွဲဦးထွက်အဖြစ် ဒုတိယပိုင်းအစမှာ ဝင်ရောက်ကစားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်မှာ အသက် ၃၃ နှစ် ပြည့်ခဲ့တဲ့ နေမာ ဝင်ရောက်ကစားချိန်မှာ ဆန်းတို့စ်အသင်းက ပယ်နယ်တီ တစ်ဂိုးရရှိကာ ဦးဆောင်နေခဲ့ပေမယ့် ချေပဂိုးပြန်လည်ပေးခဲ့ရတာကြောင့် သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ ရတာ ဖြစ်ပါတယ်။ (NVS 008)

07 Feb

ADVERTISE HERE .