“BENKI FIGHT ဘောက်ဆင်ပြိုင်ပွဲဝင်ရောက်မည့် ကစားသမား ၃ ဦး ဖေဖော်ဝါရီလတတိယပတ်အတွင်း ဂျပန်နိုင်ငံသို့ထွက်ခွာမည်”

05 Feb

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့၊ ABENO KUMIN Center မှာကျင်းပပြုလုပ်မယ့် BENKI FIGHT အမည်ရှိ ဘောက်ဆင်ပြိုင်ပွဲမှာ နိုင်ငံကိုယ်စားပြု ရွေးချယ်ခံထားရသော ကစားသမား ၃ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ယခုလ ဖေဖော်ဝါရီလ ၂၁ ရက်မှာ ဂျပန်နိုင်ငံသို့ ထွက်ခွာမှာ ဖြစ်တယ်လို့ မြန်မာဘောက်ဆင်ကော်မရှင် (MBC) ကနေ သိရပါတယ်။ BENKI FIGHT ဘောက်ဆင်ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၂၄ ရက်မှာ ပြုလုပ်မည်ဖြစ်ပြီး မြန်မာကစားသမား ၃ ဦး အနက် ၅၃ ကီလိုတန်းတွင် စောလင်းအောင် နှင့် ဂျပန်ဖိုက်တာ Ryo Mandokoro၊ ၆၀ ကီလိုတန်းတွင် ဂင်ရှန်းမွောင် နှင့် Young Doo Choi ၊ ၅၂ ကီလိုတန်းတွင် နော်ဖန်း နှင့် Ryoma Morimoto တို့ ယှဉ်ပြိုင်ထိုးသတ် သွားကြမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိတွင် နိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ကစားသမား ၃ ဦးကို ဇန်နဝါရီလ ၆ ရက်မှစတင်၍ ဂျပန်ဘောက်ဆင်ကော်မရှင်အဖွဲ့က စခန်းသွင်း လေ့ကျင့်ပြင်ဆင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။ ယခုနှစ်အတွင်း ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့၌ ကျင်းပပြုလုပ်မည့် ဘောက်ဆင်ပွဲများမှာလည်း မြန်မာကစားသမား ၁၅ ဦးခန့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန် MBC က စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

05 Feb

ADVERTISE HERE .