“ယခုနှစ်အတွက် ပထမဆုံးချန်ပီယံအောင်မြင်မှုရရှိခဲ့တဲ့ မက်ကယ်ရွိုင်း”

05 Feb

နာမည်ကြီး မြောက်အိုင်ယာလန်ကစားသမား မက်ကယ်ရွိုင်း ဟာ AT&T Pebble Beach Pro-Am ပြိုင်ပွဲမှာ ဗိုလ်စွဲပြီး ယခုနှစ်အတွက် ပထမဆုံး ချန်ပီယံအောင်မြင်မှုရရှိခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲကို ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပခဲ့ပြီး မက်ကယ်ရွိုင်းက လျှော့ရိုက်ချက် နှစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲ ပထမနေ့မှာ မက်ကယ်ရွိုင်းနှင့် အိုင်ယာလန်ကစားသမား ရှိန်းလိုရီတို့ hole-in-one (တစ်ချက်တည်းဖြင့် ကျင်းဝင်) ရိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ကယ်ရွိုင်း ဟာ ပထမနေ့မှာ သတ်မှတ်ရိုက်ချက် ၇၂ ချက်ထက် ခြောက်ချက်လျှော့၍ ၆၆ ချက်၊ ဒုတိယနေ့မှာ နှစ်ချက်လျှော့၍ ၇၀ ချက်၊ တတိယနေ့မှာ ခုနစ်ချက်လျှော့၍ ၆၅ ချက်နှင့် နောက်ဆုံးနေ့မှာ ခြောက်ချက်လျှော့၍ ၆၆ ချက် ရိုက်ခဲ့ပါတယ်။ ဒါကြောင့် ပြိုင်ပွဲအပြီးမှာ မက်ကယ်ရွိုင်း က စုစုပေါင်းရိုက်ချက် ၂၆၇ ချက်၊ လျှော့ရိုက်ချက် ၂၁ ချက်ရရှိပြီး ဒုတိယနေရာမှ လိုရီ ထက် နှစ်ချက်အသာနဲ့ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မက်ကယ်ရွိုင်း က ယခုပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ဗိုလ်စွဲခြင်းဖြစ်ပြီး ဆုကြေး ဒေါ်လာ ၃ ဒသမ ၆ သန်း ဆွတ်ခူးရရှိခဲ့ပါတယ်။ အဆိုပါချန်ပီယံဆုမှာ ၎င်းအတွက် ကစားသမားဘဝတစ်လျှောက် PGA Tour ပြိုင်ပွဲများမှာ ၂၇ ကြိမ်မြောက် အောင်မြင်မှုရရှိခြင်းဖြစ်တယ် လို့ သိရပါတယ်။ (NVS 008)

05 Feb

ADVERTISE HERE .