“လီဗာပူးလ်အသင်းကို ဖိအားပေးသွားမယ်လို့ဆိုတဲ့ ဒီကလန်ရိုက်စ်”

04 Feb

မန်စီးတီးအသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုပြေးပွဲမှာ လီဗာပူးလ်အသင်းကို ဖိအားလိုက်ပေးသွားမယ်လို့ အာဆင်နယ်ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ပြောကြားလိုက် ပါတယ်။ ဒီကလန်ရိုက်စ် ဟာ မန်စီးတီးအသင်းကို အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းထက် တစ်ပွဲလျော့ ကစားထားသလို ၆ မှတ် ဖြတ်ထားနိုင်တဲ့ လီဗာပူးအသင်းဟာ လက်ရှိအချိန်မှာ အမှားအယွင်းမရှိတဲ့ ခြေစွမ်းမျိုးကို ပြသနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ရိုက်စ် က ရာသီကုန်ဆုံးဖို့အတွက် လိုနေသေးတာကြောင့် အာဆင်နယ်အသင်းမှာ အခွင့်အရေး ရှိနေဆဲလို့ ယုံကြည်နေပါတယ်။ လီဗာပူးလ်အသင်းက အခုချိန်မှာ ရှေ့ကိုရောက်နေတယ်ဆိုပေမဲ့ မန်စီးတီးအသင်းနဲ့ ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ဆက်ထိန်းနိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းကို အမီလိုက်ဖို့ အခွင့်အရေးရလာမှာပါလို့ မန်စီးတီးနဲ့ ပွဲအပြီးမှာ ဒီကလန်ရိုက်စ် က ပြောကြားသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီဆက် တိုက် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှာ မန်စီးတီးအသင်းရဲ့ နောက်ကောက်ချတာကို ခံခဲ့ရပြီး ဒုတိယနေရာတွေနဲ့သာ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

04 Feb

ADVERTISE HERE .