“ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူရဖွယ်ရှိနေတဲ့ မန်ယူနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်”

04 Feb

မန်ယူအသင်း၏ အာဂျင်တီးနားလက်ရွေးစင်နောက်ခံကစားသမား လီဆန်ဒရိုမာတီနက်ဇ် က ခရစ္စတယ် ပဲလေ့စ်အသင်းနှင့် ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာပြဿနာ ရရှိခဲ့ပြီးနောက် ယင်းဒဏ်ရာကြောင့် ကာလရှည် အနားယူ ရဖွယ်ရှိနေကြောင်း သိရပါတယ်။ အဆိုပါပွဲစဉ်မှာ လီဆန်ဒရိုမာတီနက်ဇ် ဟာ ခရစ္စတယ်ပဲလေ့စ်ကစားသမား အစ္စမေးလ်ဆားနှင့် ဘောလုံး ယှဉ်လုရာမှာ ဒူးအရွတ်တွင် ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေနှင့်ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို မသိရှိရသေးသော်လည်း လက်ရှိအခြေအနေအရ လီဆန်ဒရိုမာတီနက်ဇ်၏ ဒဏ်ရာမှာ ခွဲစိတ်ကုသရန်လိုအပ်ပြီး အနည်းဆုံး ၆ လမှ ၈ လ အထိ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။(NVS 008)

04 Feb

ADVERTISE HERE .