“အယ်လ်အေလိတ်ကာအသင်းသို့ ပြောင်းရွှေ့ခဲ့တဲ့ ဒွန်ဆစ်”

04 Feb

NBA ကလပ် အယ်လ်အေလိတ်ကာအသင်းဟာ ပြိုင်ဘက် ဒဲလက်စ်မားဗရစ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား လူကာဒွန်ဆစ် ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ NBA လူငယ်စူပါစတားတစ်ယောက်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်လို့ လိတ်ကာအသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။ အသက် ၂၅ နှစ်အရွယ် ဒွန်ဆစ်ဟာ ၂၀၁၈ ခုနှစ်မှာ အတ္တလန္တာဟော့ခ်အသင်းကနေ ဒဲလက်စ်အသင်းကို ရောက်ရှိလာခဲ့ပြီးနောက် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၄ NBA ပြိုင်ပွဲမှာ အမှတ်အများဆုံး ရယူသူအဖြစ် အစွမ်းပြခဲ့တဲ့ ဒွန်ဆစ်ဟာ လက်ရှိအချိန်မှာ ခြေသလုံးဒဏ်ရာကြောင့် အနားယူနေရပါတယ်။ ဒဲလက်စ်အသင်းကို ဆယ်ကျော်သက် အရွယ်ကတည်းက ရောက်လာခဲ့ပြီး အသင်းအတွက် အကောင်းဆုံး ပေးဆပ်ကစားခဲ့သလို ဒဲလက်စ်အသင်းမှာပဲ ကစားသမားဘဝပြီးဆုံးဖို့ မျှော်လင့်ထားခဲ့တာပါလို့ ဒဲလက်စ် ပရိသတ် တွေဆီ ပေးပို့တဲ့ နှုတ်ဆက်စာမှာ ဒွန်ဆစ် က ရေးသားထားပါတယ်။ ဒွန်ဆစ် ဟာ နောက်ဆုံး ၅ ရာသီ ဆက်တိုက် NBA All-Star အသင်းမှာ ပါဝင်ခွင့်ရခဲ့သလို ပြီးခဲ့တဲ့ ရာသီက ဒဲလက်စ်အသင်းကို NBA ဖိုင်နယ်အထိ ပို့ဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒွန်ဆစ်လို ကြယ်ပွင့် ကစားသမားတစ်ယောက်က ရာသီဝက် ကာလအတွင်းမှာ ပြိုင်ဘက်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ် NBA ကစားသမားအချို့ အံ့အားသင့်နေကြပါတယ်။ (NVS 008)

04 Feb

ADVERTISE HERE .