ကုန်ဈေးနှုန်းသတင်း ၃.၂.၂၀၂၅

03 Feb

ဖေဖော်ဝါရီလ ၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေသလို ပဲလွန်းဖြူ၊ ဘိုကိတ်ပဲနဲ့ ကုလားပဲဈေးတွေလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ထန်းလျက်ဈေးတွေ ဈေးငြိမ်နေပေမယ့် ပဲလွန်းနီနဲ့ မန်ကျည်းသီး ဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၉၅,၉၇၈ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၀၆,၅၈၅ ကျပ်၊ မတ်ပဲ (Raw) တစ်ပိဿာကို ၅,၀၃၀ ကျပ်ကနေ ၅,၀၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၉၂,၂၅၀ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၅,၀၈၀ ကျပ်ကနေ ၆,၁၈၅ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၀၈၀ ကျပ်ကနေ ၄,၁၇၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၄,၄၅၀ ကျပ်ကနေ ၄,၅၃၅ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၄,၉၆၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၅,၂၆၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၄,၁၆၅ ကျပ်ကနေ ၄,၂၅၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၈,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၈၀ ကျပ်ကနေ ၁,၇၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၅,၉၀၀ ကျပ်ကနေ ၆,၅၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာကို ၆,၁၆၅ ကျပ်ကနေ ၆,၄၂၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁၉,၀၀ ကျပ်ကနေ ၃,၆၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၉,၀၀၀ ကျပ်ကနေ ၁၄,၅၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၅,၅၀၀ ကျပ်ကနေ ၁၄,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၃,၅၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ရခိုင်ရွှေပုစွန်) တစ်ပိဿာကို ၁၂၀,၀၀၀ ကျပ်ကနေ ၂၀၀,၀၀၀ ကျပ်၊ ငါးရံ့ခြောက် တစ်ပိဿာကို ၆၀,၀၀၀ ကျပ်ကနေေ ၇၅,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာကို ၁၈,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၆၄၀ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၄၂၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၁၈၀ ကျပ်၊ မန္တလေးမှာ ၃,၂၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၆၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၂၆၀ ကျပ်၊ မန္တလေးမှာ ၃,၃၇၅ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၈၂၀ ကျပ်၊ မန္တလေးမှာ ၂,၉၃၀ ကျပ်၊ နေပြည်တော်မှာ ၂,၈၉၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၄၈၅ ကျပ်၊ မန္တလေးမှာ ၃,၆၀၀ ကျပ်၊ နေပြည်တော်မှာ ၃,၅၆၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၄၅၀,၀၀၀/-) ငါးဆယ် လေးသိန်း ငါးသောင်း ကျပ် ရှိပြီး ပြင်ပပေါက်ဈေး မှာ ကျပ်သိန်း (၆,၄၆၀,၀၀၀ိ/-) ခြောက်ဆယ် လေးသိန်း ခြောက်သောင်းကျပ် ရှိနေတယ်လို့ သိရပါတယ်။

03 Feb

ADVERTISE HERE .