“AT&T Pebble Beach Pro-Am ဂေါက်သီးရိုက်ပြိုင်ပွဲရဲ့ အမှတ်ပေးဇယားကို စထရာကာ ဆက်လက်ဦးဆောင်နေ”
03 Feb
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ကျင်းပနေတဲ့ AT&T Pebble Beach Pro-Am ဂေါက်သီးရိုက် ပြိုင်ပွဲတတိယနေ့အပြီးမှာ ဩစတြီးယားကစားသမား စထရာကာ က စုစုပေါင်းသတ်မှတ်ရိုက်ချက်ထက် ၁၆ ချက် လျှော့ရိုက်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေတယ်လို့ သိရပါတယ်။ မြောက်အိုင်ယာလန်ကစားသမား မက်အီလ်ရွိုင်း နှင့် အိုင်ယာလန်ကစားသမား ရှိန်းလော်ရီ တို့က စုစုပေါင်း သတ်မှတ်ရိုက်ချက်ထက် ၁၅ ချက်စီလျော့ရိုက်ကာ အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ပူးတွဲရပ်တည်နိုင်ခဲ့ပြီး အင်္ဂလန်ကစားသမားဂျက် စတင်ရို့စ်၊ တောင်ကိုရီးယားကစားသမား တွမ်ကင်မ် နှင့် ဩစတြေးလျကစားသမား ကင်မရွန်းဒါဗစ် တို့က စုစုပေါင်းသတ်မှတ် ရိုက်ချက်ထက် ၁၄ ချက်စီလျော့ရိုက်ကာ အမှတ်ပေးဇယား၏ တတိယ နေရာမှာ ပူးတွဲရပ်တည်နိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့အဆင့် (၁) နေရာမှာ ရပ်တည်နေတဲ့အမေရိကန် ကစားသမား စကော့တီရှက်ဖလာ က ဒုတိယနေ့မှာ ရလဒ်ဆိုးရွားခဲ့သော်လည်း တတိယနေ့တွင် ရလဒ်ကောင်းများရရှိခဲ့ပြီး စုစုပေါင်းသတ်မှတ်ရိုက်ချက်ထက် ၁၀ ချက် လျှော့ရိုက်ထားပါတယ်။ (NVS 008)