“ဒီပေါလ်အတွက် ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အက်သလက်တီကိုအသင်း”
03 Feb
အက်သလက်တီကိုအသင်းက ကွင်းလယ်ကစားသမား ဒီပေါလ် အတွက် ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၀ အရွယ်ရှိတဲ့ ဒီပေါလ် က အက်သလက်တီကိုအသင်းမှာ ရုန်းကန်နေရတဲ့အပြင် အက်သလက်တီကို အသင်းနှင့် ချုပ်ဆိုထားတဲ့ စာချုပ်ကလည်း ၂၀၂၆ ခုနှစ်မှသာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်းက ဒီပေါလ်ကို ယူရို ၂၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကိုအသင်းရဲ့ နည်းပြ ဆီမြွန်နီ က ဒီပေါလ် ကို အသင်းရဲ့အဓိကကစားသမားအဖြစ် သတ်မှတ်ထားပြီး ခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒါကြောင့် အက်သလက်တီကိုအသင်းက ဒီပေါလ်အတွက် ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပေါလ် က ၂၀၂၂ ခုနှစ်မှာ စီးရီးအေကလပ် အူဒီးနီးစ် မှ အက်သလက်တီကို သို့ ယူရို ၃၆ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ (NVS 008)
03 Feb