“ဘွန်ဒစ်လီဂါပွဲ ၅၀ သွင်းဂိုး ၅၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ ဟာရီကိန်း”

03 Feb

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟာရီကိန်း က ဘွန်ဒစ်လီဂါပွဲ ၅၀ ပြည့်မြောက်ကာ သွင်းဂိုး ၅၅ ဂိုး အထိသွင်းယူခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲ ၅၀ ပြည့်ချိန်တွင် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဟာရီကိန်းအနေဖြင့် ယခုရာသီ ပြိုင်ပွဲစုံ ၂၇ ပွဲမှာ သွင်းဂိုး ၂၆ ဂိုးအထိ သွင်းယူထားကာ ၈ ဂိုး ဖန်တီးပေး ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ဘွန်ဒစ်လီဂါအကောင်းဆုံးဂိုးဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

03 Feb

ADVERTISE HERE .